Wednesday, September 7, 2016

ဖုန်းအားသွင်းရာမှာ လုပ်လေ့ရှိတဲ့ အမှား(၄)ခု



စမတ်ဖုန်းဘက်ထရီ ကြာရှည်ခံစေဖို့ လိုက်နာရမယ့် အခြေခံ အချက်တွေ ရှိပါတယ်။ မကြာခဏဆိုသလို အသစ်အသစ်သော နည်းပညာတွေနဲ့ စမတ်ဖုန်ေးတွ ပြောင်းလဲသွားပေမဲ့ မပြောင်းလဲတဲ့ အားနည်းချက်ကတော့ ဘက်ထရီကြာရှည်မခံတာ ဖြစ်ပါတယ်။

စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ ဘက်ထရီအားသွင်းရာမှာ လုပ်လေ့ရှိတဲ့ အမှားအယွင်းအချို့ကို ဘက်ထရီကုမ္ပဏီဖြစ်တဲ့ Cadex က အခုလို ထောက်ပြထားပါတယ်။ ဒါတွေဟာ စမတ်ဖုန်းဘက်ထရီနဲ့ပတ်သက်ပြီး လိုက်နာရမယ့် စည်းမျဉ်းတွေဖြစ်ပါတယ်။

၁။ အားပြည့်သော်လည်း ဆက်သွင်းခြင်း

ဖုန်းက အားပြည့်သွားလည်း ဆက်သွင်းထားသင့်တယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းလျက်ရှိပါတယ်။ အထူးသဖြင့် ဖုန်းတစ်ညလုံး အားသွင်းပြီး အိပ်ပျော်သွားတာမျိုးဟာ ဖုန်းဘက်ထရီကို အလွန်ထိခိုက်စေတတ်ပါတယ်။

၂။ အားအပြည့်သွင်းစရာမလို

ဖုန်းအားသွင်းတိုင်း ၁၀၀ ရာခိုင်နှုန်းပြည့်တဲ့အထိ သွင်းရမယ်ဆိုတဲ့ ယူဆချက်ကလည်း မှားယွင်းပါတယ်။ ဖုန်းအားသွင်းတဲ့အခါတိုင်း ၁၀၀ ပြည့်ဖို့ မလိုအပ်ပါဘူး။

၃။ တတ်နိုင်သမျှ အားသွင်း

သင်အားလပ်တဲ့ အချိန်တိုင်း ဖုန်းကို အားသွင်းထားလို့ရပါတယ်။ နာရီဝက်လောက်ပဲ ဖြစ်ဖြစ် သွင်းထားလို့ရပါတယ်။ ဖုန်းရဲ့ဘက်ထရီဟာ ၁၀ ရာခိုင်နှုန်းအောက် ရောက်သွားမှ အားသွင်းစရာ မလိုအပ်ပါဘူး။

၎။ အပူချိန် မများစေနဲ့

ဖုန်းကို တတ်နိုင်သလောက် အပူချိန်နည်းတဲ့နေရာမှာ ထားသင့်ပါတယ်။ အပြင်က ရာသီဥတုအပူချိန်၊ အခန်းအပူချိန် မြင့်နေပြီဆိုရင် ဖုန်းအားကုန်တာမြန်ပြီး ဘက်ထရီလည်း ပျက်စီးစေပါတယ်။

Credit – Duwun




No comments:

Post a Comment