Wednesday, August 3, 2016

ဟတ်​ခံထိတဲ့အ​ကောင့်​ပြန်​ယူနည်း

Mail Account Hacked ခံလိုက်ရတာကို သိသိချင်း ပြန်လိုက်နည်း

အာရှသားရဲ့နည်းပညာ

Mail Account Hacked ခံလိုက်ရတာကို သိသိချင်း ပြန်လိုက်နည်း
မင်္ဂလာပါ အများစုစိတ်ဝင်စားစေမယ့် Topic လေးဖြစ်မယ်လို့အရင်
မျှော်လင့်ပါတယ်။ ခေါင်းစဉ်အတိုင်းပါပဲ။ ကျတော်တို့ သုံးနေတဲ့
Mail ကို တစ်စုံတစ်ယောက်က Hacked သွားတဲ့အခါမှာ ပြန်လိုက်
နည်းဖြစ်ပါတယ်။ ကျတော်ဒီတစ်ခါပြောမယ့် ပြန်လိုက်နည်းက
မိမိအကောင့်ကို ၁၂ ရက်ကျော်လောက် ဟက်ခံလိုက်ရတဲ့အချိန်
ထိကို ရအောင် ပြန်လိုက်နည်းဖြစ်ပါတယ်။ ရအောင် ပြန်လိုက်နည်း
လို့ ဆိုတဲ့နေရာမှာလည်း သင်ဟာ သင့်မေးလ်ရဲ့ Information
ကိုတော့ သိထားရပါမယ်။ ဘာလို့လည်းဆိုတော့ ကျတော် အရင်
အခါတွေက Mail Security အပိုင်းတွေကို ရေးပေးထားသလိုပဲ
မိမိအကောင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မိမိချစ်သူ
ရည်းစားကဲ့သို့ အသေးစိတ်မသိထားတာတောင်မှ အနည်းအကျဉ်းတော့
သိထားရပါမယ်။ လုံးဝမရှိမဖြစ် သိထားသင့်တဲ့အချက်လေးတွေကို
ပြောပါ့မယ်။
၁။ မိမိအကောင့်ကို နောက်ဆုံးဝင်ခဲ့တဲ့ Password
၂။ မိမိအကောင့်ကို ဖွင့်ခဲ့တဲ့ ခုနှစ်၊ လ (ခန့်မှန်းခြေ)
၃။ မိမိအကောင့်ကို နောက်ဆုံးသုံးခဲ့တဲ့ ရက်၊ လ၊ နှစ်
၎။ မိမိအကောင့်ကို ဖွင့်သုံးခဲ့တဲ့ Browser (Save Browser)
၅။ မိမိအကောင့်ထဲက ဆက်သွယ်ဖူးတဲ့ အကောင့် ၅ခု (မရှိလျှင်ထည့်စရာမလို)
၆။ မိမိအကောင့်ကို Recovery ထည့်ထားတဲ့ မေးလ်
စသည်တို့က သင့်အကောင့်ပါသွားလျှင် ချက်ချင်းပြန်လိုက်နိုင်မယ့် အချက်
တွေဖြစ်လို့ လုံးဝ (လုံးဝ)ကို မှတ်သားထားရမှာဖြစ်ပါတယ်။ဒီတော့
ကျတော်တို့ စလိုက်ရအောင်။
အရင်ဆုံး မိမိအကောင့်ကို စ၀င်လိုက်ပါမယ်။
ဒီနေရာမှာ ကျတော်တို့ မိမိအကောင့်ကို ပုံမှန်သုံးနေကျ
Password နဲ့ဝင်လိုက်ပေမယ့် မှားနေတယ်လို့ပဲပြောပြီး
ကျန်ခဲ့တဲ့ 12 ရက်က မင်းရဲ့ Password က ပြောင်းထားပါတယ်
ဒီ Password ကို မင်း ပြောင်းထားသလားဆိုပြီးတော့ မေးပါတယ်
ဒီနေရာမှာ ကျတော်တို့က အားသာချက်တစ်ခုကိုပြောပါ့မယ်။
အဲ့ဒီအားသာချက်က ဘာလည်းဆိုတော့ သင့်အကောင့်တွေ
ဘယ်အကောင့်ဖြစ်ဖြစ်ပေါ့… Mail, Facebook , Any Any….
ဘာနေနေပေါ့ဗျာ…. သင်က Password access လုပ်လိုက်ပြီ
ဆိုရင် မည်သည့် Browser ကမဆို Save မှတ်မှာလားလို့
မေးပါတယ်။ ဒီနေရာမှာ သင့်အကောင့် ဟက်ခံလိုက်ရရင်
ကယ်နိုင်တာဒီနည်းလမ်း အသက်သွေးကြောတစ်ခုပါပဲ။
ဘာလို့လည်း ဆိုတော့ သင်က သင့်အကောင့်တွေကို Access
လုပ်ထားတဲ့အခါမှာ သင်မှတ်လိုက်တဲ့ Password တွေက
သင်သုံးနေတဲ့ Browser ရဲ့ Cache အနေနဲ့ တည်ရှိထားပါတယ်။
ဆိုလိုတာက Registry ရဲ့ String Volume တွေမှာ သွားမှတ်ထားပြီး
သားဖြစ်ပါတယ်။ ဒါကြောင့် သင့်အကောင့်ကို အသုံးပြုတဲ့အခါမှာ
Save Browser ဆိုတဲ့ Services ကို အသုံးပြုသင့်ပါတယ်။ ဒီနေရာမှာ
တစ်ခါတည်း Save Browser လုပ်ခြင်းရဲ့ အားနည်းချက်ကိုထပ်ပြော
ပါမယ်။ ဒီအချက်ကတော့ မိမိက မိမိအကောင့်ကို အသုံးပြုတဲ့အခါမှာ
မိမိကိုယ်ပိုင် ကွန်ပျူတာမဟုတ်ဘူးဆိုရင်တော့ လုံးဝ (လုံးဝ) မလုပ်
ဆောင်သင့်ပါဘူး။ကဲ ဆက်သွားရအောင် ….
ကျတော်တို့က Didn’t change your password?ဆိုတာကို နှိပ်လိုက်
ပါမယ်။ဒါဆိုရင်တော့
 ကျတော်တို့က မိမိအကောင့်ရဲ့ Password
Reset Link ပြန်ပို့ပေးနိုင်ဖို့အတွက် ဆက်သွယ်ရမယ့် Mail ကို ထည့်
လိုက်ပါမယ်။
 သင့်အကောင့်ကို ဘယ်နေ့က
နောက်ဆုံးဝင်ထားသလည်းဆိုတဲ့ When was the last time you
Were able to sign in to your Google Account? ဆိုတဲ့နေရာမှာ
သင်က သင့်အကောက်ကို မှတ်မိသလောက် နောက်ဆုံး ၀င်သုံးတဲ့
ရက်ကို ထည့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချက်ပြောချင်တာက
ကျတော်တို့ အကောင့်က ကျန်ခဲ့တဲ့ ၁၂ ရက်က Password အချိန်း
ခံထားရတာပါ။ ဒါပေမယ့် ဘယ်လိုပဲ နေနေ ဘာနေနေအကောင့်
တစ်ခုကို လိုက်တဲ့အခါမှာနောက်ဆုံးဝင်သုံးတဲ့ရက်ကို ထည့်ရင်
လက်ရှိရောက်နေတဲ့ ရက်စွဲရဲ့ အနောက်တစ်ရက်ကိုပဲ ထည့်ရမှာ
ဖြစ်ပါတယ်။ ဆိုလိုတာက Only one back date ပေါ့….  ထို့နောက်
When did you create your Google Account? ဆိုတဲ့နေရာမှာ
ကတော့ သင့်အကောင့်ကို စတင်ဖွင့်လှစ်သုံးစွဲခဲ့တဲ့ လ၊ ခုနှစ်ကို
ထည့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျတော်က လုံးဝမမှတ်မိတဲ့
အတွက် ခန့်မှန်းခြေ လကိုထည့်လိုက်ပါတယ်။ပြီးသွားရင်တော့
Enter ခေါက်လိုက်ပါမယ် ဒါဆိုရင်တော့
ပေါ်လာတဲ့အခါမှာ ကျတော်အပေါ်ကပြောခဲ့သလို ဆက်သွယ်နေကျ
အကောင့် ၅ခုထည့်ရမယ်လို့ ပြောတဲ့နေရာမှာ အချို့က COC account
ဖြစ်တဲ့အတွက်ကြောင့် မည်သည့် မေးလ်ကိုမှဆက်သွယ်ထားဖူးမှာမဟုတ်
ပါဘူး။ ဒါကြောင့် ကျတော်တို့ ကျော်ပြီး What’s the first recovery
Email address you remember? ဆိုတဲ့နေရာမှာ ကျတော်တို့က
သင့်အကောင်ကို ထည့်ထားတဲ့ သင်မှတ်မိသလောက် Recovry Mail ကို
ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Continue ပေါ့….ထို့နောက်
 သင်ခုနက ထည့်ခဲ့သလို အကောင့်ကို
စဖွင့်ခဲ့တဲ့ လ၊ ခုနှစ်အတိုင်း ထည့်ရမှာဖြစ်ပြီး ရွေးချယ်မှုအပိုင်းကိုတော့
၁။ Gmail
၂။ Hangouts
၃။ Calendar
၎။ Android
စသဖြင့် ရွေးချယ်ပေးပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့
သင်ဟာ သင့်အကောင့်ကို Information အမှန်သိထားတယ်။
အကောင့်ကို ဟက်ခံလိုက်ရလို့ ၁၂ ရက်ကြာသွားတာတောင်မှ
သင်သုံးခဲ့ဖူးခဲ့တဲ့ Save Browser ကနေတဆင့် လွယ်ကူစွာနဲ့
သင့်အကောင့်ကို Password Reset Link ကို ခုနက သင်ထည့်ခဲ့တဲ့
ဆက်သွယ်ရမယ့် Mail Address သို့ ပို့လိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့
ကျတော်တို့က ဘာတွေဆက်လုပ်ရမလည်း ?????သင့်ကိုပို့လိုက်တဲ့
Password Reset Link ကနေတဆင့် ၀င်ပြီး
 Password အသစ်ကို Strong Password
ဖြစ်အောင် သတ်မှတ်ပေးပြီး Change password နှိပ်ပေးလိုက်ပါမယ်။
ပြီးသွားရင်တော့ သင်ဘာတွေထပ်လုပ်ရမလည်း???? လွယ်ပါတယ်။
စိတ်ချရအောင် အကောင့်ကို 2 Step ခံထားပါ့မယ်။ ဒါကြောင့် သင့်
အကောင့်ကို ဖွင့်ပြီး My Account ကနေတဆင့် Security & Privacy
ကိုသွားပြီး
 2-Step Verification ကို နှိပ်လိုက်ပါမယ်။
ပြီးသွားရင်တော့
Start setup ကိုနှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့
သင့်အကောင့်ရဲ့ လုံခြုံရေးအတွက် ခံထားမယ့်
ဖုန်းနံပါတ်တစ်ခုကိုရိုက်ထည့်လိုက်ပါမယ်။ ပြီးသွားရင်တော့ ကျတော်
တို့က Send code ဆိုတာကို နှိပ်ပေးလိုက်ပါ့မယ်။ထို့နောက်တော့
သင့်ဖုန်းထဲဝင်လာတဲ့ Code ကို
 Enter Verification code ဆိုတဲ့ Box လေးထဲမှာ
ထည့်လိုက်ပြီး Verify နှိပ်ပေးလိုက်ပါမယ်။ထို့နောက်
 Trust this computer ကို အမှန်ခြစ်လေးခြစ်ပြီး
 Next ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့
Step 2 Verification အတွက် Confirm လုပ်ခိုင်းပါတယ်။ ကျတော်တို့က
Confirm ကိုနှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့
 Account, My Account ကနေ
အထက်ပါပုံအတိုင်း 2 Step ခံထားတဲ့နေရာကိုသွားပြီး ကျတော်တို့က
Third Party Utility ဖြစ်တဲ့ Google Authenticator ကို အသုံးပြုဖို့
Swittch to app ကို နှိပ်လိုက်ပါ့မယ်။ ပြီးသွားရင်တော့
မိမိအသုံးပြုမယ့် Device ကိုရွေးပေးလိုက်ပါ့မယ်။ ဒီနေရာမှာ ကျတော်က
Android သုံးတဲ့အတွက် Android ကိုရွေးပေးလိုက်ပြီး Continue ကိုနှိပ်
လိုက်ပါမယ်။ပြီးသွားရင်
ပြီးရင် သင့်ဖုန်းထဲမှာရှိတဲ့ Google Auntenticator
Application ကနေပြီးတော့
 Enter Provided Key ဆိုတာကို နှိပ်လိုက်ပီး
 Enter your key ဆိုတဲ့နေရာမှ ကီးတွေကို
မှတ်သားပြီး
ရိုက်ထည့်၍ Add လုပ်လိုက်ပါမယ်။ ထို့နောက်တော့ အပေါ် တစ်ပုံကျော်
မှာရှိတဲ့ Code နေရာမှာ စက္ကန့် ၃၀ တစ်ခါဖော်ပြတဲ့ ကုဒ်ကိုထည့်ပေးလိုက်
ပါမယ်။
 OK နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ သင့်အကောင့်ကို
ပြန်ပြီး လုံခြုံစွာအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။အဆင်ပြေမယ်လို့ ယုံကြည်
မျှော်လင့်ပါတယ်။

Credit===>ကိုဇာနည်



1 comment: